ပုညခင်
၁၉၇၂ ခု၊ စက်တင်ဘာလ ၂၂ ရက်တွင် အဖ ဦးညွန့်ရှိန်၊ အမိ ဒေါ်ဌေးဌေးတို့မှ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့တွင်မွေးသည်။အမည်ရင်းမှာ သင်းသင်းမာဖြစ်သည်။
၂၀၀၅ မှ၂၀၀၇ အထိ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင်
ဘွဲ့လွန်အသုံးချစိတ်ပညာဒီပလိုမာတန်းတွင် သင်ယူပြီးနောက်
စိတ်ပညာဆိုင်ရာဝတ္ထုများကို ရေးသည်။
ယခုအချိန်အထိ
လုံချင်းဝတ္ထု (၁၂၂)၊ ဝတ္ထုတို (၇၀)ကျော်၊
ခရီးသွားဆောင်းပါးနှင့် အတွေးအမြင်ဆောင်းပါးများကို
ရေးသားခဲ့ပြီးဖြစ်သည်။